ပူတာအိုခရိုင်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းစည်းဝေး
Aug 04,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းသည် ထင်ပေါ်ကျော်ကြား သောခရီးစဉ်ဒေသတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွာများနှစ်စဉ်များပြားစွာ လာရောက် လည်ပတ်လျက်ရှိ သောဒေသတစ်ခုဖြစ်ရာ ယခုနှစ်ပွင့်လင်းရာသီ ခရီးသွားလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးနှင့်သဘာဝ အခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်အဆင့် ခရီးစဉ် ဒေသစီမံခန့်ခွဲရေးအဖွဲ့လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ဩဂုတ်(၃)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် မဂျော့ဝါကျေးရွာရှိ ဟိုတယ် (မဂျော့ဝါ)ခန်းမ၌ကျင်းပသည်။