သတင်းများ

ကျိုင်းတုံမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများကွင်းဆင်းဆောင်ရွက်
Aug 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသအတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းမှ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဩဂုတ် ၄ ရက်၊ နံနက် ၁၀  နာရီက ကွင်းဆင်းဆောင်ရွက်သည်။
လဲချားတွင် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Aug 04,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လဲချားမြို့ရှိ ဟော်ခမ်းကျောင်း၊ သီရိမင်္ဂလာအုဋ်ကျောင်း၊ ဟိုရင်ကျောင်းနှင့် သဘာဝရိပ်သာသီလရှင်ကျောင်းတိုက်၌  ကျင်းပခဲ့သည်။
မင်းလှမြို့နယ်ရွာတော်ကျေးရွာတွင် မိုးနှမ်း စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်
Aug 04,2023
 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ရွာတော်ကျေးရွာတွင် ကွင်းအမှတ် (၈၃၈)   ၊ ဦးပိုင်(၂၁)၊ တောင်သူဒေါ်လှမြင့်သိန်း၏ ယာမြေ(၆) ဧကရှိ (၀.၁၀) ဧကပတ်လည်စံကွက် မိုးနှမ်း၊ နှမ်းနီ(၂၅)မျိုး စိုက်ပျိုးမှု စံကွက်ရိတ်သိမ်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက အဆိုပါ နှမ်းစိုက်ဧကကွင်း၌ဆောင်ရွက်ခဲ့သည်။                                        
သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Aug 04,2023
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲပိုင်းက ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့သည်။
မက်မန်းမြို့နယ်တွင် စာဖတ်ဝိုင်း ကျင်းပ
Aug 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် လူနေမှုဘဝတိုးတက်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာရေးဆရာမ ခင်စောတင့်၏ "ခက်ခဲကျပ်တည်းသောအချိန်မှာ စိတ်ချမ်းမြေ့စရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ သည်။
ကဝမြို့နယ်၌ ရေဘေးအန္တရာယ်အသိပညာပေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 04,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ရေဘေးအန္တရာယ်အသိပညာပေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၁၁)နာရီက ကဝမြို့နယ် အမှတ်(၅)ရပ်ကွက် မာဃလမ်း၌ ဆောင်ရွက်ခဲ့သည်။
ကွတ်ခိုင်ဒေသထွက် ဆေးဘက်ဝင် ချဉ်စော်ခါးသီး လားရှိုးတွင် ရောင်းအားကောင်း
Aug 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့မဈေးကြီးအတွင်းတွင် ကွတ်ခိုင်ဒေသထွက် ချဉ်စော်ခါးသီးများ ရောင်းအားကောင်းနေကြောင်း သိရသည်။ ချဉ်စော်ခါးသီး အလုံးကြီးဆယ်လုံးလျှင် ခြောက်ထောင်ကျပ်ဈေးမှ  ၃၀၀၀ ကျပ်ဈေးထိရှိကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် ကျေးရွာနှစ်ရွာ၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းချေးငွေများ စတုတ္ထအကြိမ်ပြန်လည်ထုတ်ချေး
Aug 04,2023
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် Covid-19 ကပ်ရောဂါကာလ လုပ်ကွက်ငယ်တောင်သူများ၏ စီးပွားရေးပြန်လည် ကုစားနိုင်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ကျေးရွာများအနက် သာယာမြိုင်ကျေးရွာနှင့် အေးချမ်းသာကျေးရွာတို့၌ စတုတ္ထအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအသီးသီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။