ကမမောင်း ဩဂုတ် ၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် သတိပြုရမည့်အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ၏ ဆိုးကျိုးအန္တရာယ်များ အကြောင်း အသိပညာပေး နံရံကပ်စာစောင်နှင့် အပြည်ပြည်ဆိုင်ရာ အလွှဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များဖြစ်သည့် တာရှည်ခံဆေး မှိုသတ်ဆေး အရောင်/အနံ့/အရသာ(ဆား၊ အချိုမှုန့်) ကျန်းမာရေးနှင့် မညီညွတ်သောအဆီများ အလွန်အကျွံစာသုံးခြင်းယားယံခြင်းနှင့် အဆိပ်အတောက်ဖြစ်ခြင်း ခုခံအားစနစ် ယိုယွင်းလာခြင်းနှင့် သဘာဝပတ်ဝန်ကျင်ကို ထိခိုက်စေခြင်း စသည့်အချက်များနှင့် မူးယစ်ဆေးဝါးသုံးစွဲလျှင် စိတ်ဓါတ်ကျခြင်း မှတ်ဥာဏ် ချွတ်ယွင်းခြင်း မိမိကိုယ်မိမိသေကြောင်းကြံခြင်း မိသားစုစိတ်ဓာတ် လျော့နည်းလာခြင်း စသည့်အချက်များ ပါဝင်သော နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန့်ဇင်(ကမမောင်းပြန်/ဆက်)