သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်(၃)လုံး ပြိုကျပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့

သာပေါင်း ဩဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျုံဒဒွန်းကျေးရွာအုပ်စုတွင် ဩဂုတ်လ ၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့်  နေအိမ်(၃)လုံး ပြိုကျပျက်စီး ဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။

ထိုသို့ မိုးသက်လေပြင်းတိုက်ခတ်၍ သာပေါင်းမြို့နယ်၊ ကျုံဒဒွန်းကျေးရွာအုပ်စု၊ အရှေ့ထန်းတပင် ကျေးရွာတွင် နေထိုင်သူ ဦးမျိုးထွန်းနှင့်အတူနေ အသက်(၁၈)အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၈)နှစ်အောက် အမျိုးသမီး(၁)ဦး ပေါင်း(၃)ဦးတို့ နေထိုင်ရာ (သွပ်မိုး၊ ဓနိကာ၊ ဝါးခင်း)၊ (၂၂×၁၅×၂၈’)၊ ငှက်ပျောတောချောင်း ကျေးရွာနေထိုင်သူ ဦးမောင်မောင်ဌေးနှင့် အတူနေ အသက်(၁၈) အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၈)နှစ်အောက် အမျိုးသား(၁)ဦး ပေါင်း(၃)ဦးတို့ နေထိုင်ရာ (သွပ်မိုး၊ ဓနိကာ၊ ဝါးခင်း)၊ (၂၀’×၁၅×၁၈’)၊ ငှက်ပျောတောချောင်း ကျေးရွာနေထိုင်သူ ဦးဇော်မင်းထက်နှင့် အတူနေ အသက်(၁၈)အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၈)နှစ်အောက် အမျိုးသား(၁)ဦး ၊အမျိုးသမီး(၁)ဦး ပေါင်း(၄)ဦးတို့ နေထိုင်ရာ (သွပ်မိုး၊ ဓနိကာ၊ ဝါးခင်း)၊ (၂၀’×၁၅×၂၅’)နေအိမ်များ ပြိုကျပျက်စီးဆုံးရှုံးခဲ့ကြရပြီး ပျက်ဆီးမှုနှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်များထိခိုက် ဒဏ်ရာရှိခဲ့မှု၊ အသက်အန္တရာယ် ဆုံးရှုံးမှုမရှိပါကြောင်းနှင့် ၎င်းတို့အား နီးစပ်ရာမိဘဆွေမျိုးများနေအိမ်တွင် ယာယီပြောင်းရွှေ့နေထိုင်ရေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်တို့က ပူးပေါင်းကူညီ စီစဉ်ဆောင်ရွက်ပေးထားလျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)