ငါန်းဇွန် ဩဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၈ နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပါတ် လှုပ်ရှားမှုအနေဖြင့် နို့တိုက်မိခင်များအား အာဟာရပြည့်ဝစွာ စားသောက်တတ်ရေး အသိပညာပေးဟောပြောခြင်းနှင့် အာဟာရထောက်ပံ့မှု အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆရာမဒေါ်ကြည်ဖြူခင်က နို့တိုက်မိခင်များအနေဖြင့် မိခင်နှင့်ကလေးငယ်များ ကျန်းမာဖွံ့ဖြိုးရေးအတွက် အစားအသောက်များကို အာဟာရပြည့်ဝစွာ စားသောက်တတ်ရေးအတွက် အစားအသောက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္က ဒေါ်မြင့်မြင့်ခိုင်က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပါတ်လှုပ်ရှားမှုအနေဖြင့် နို့တိုက်မိခင်များအား အာဟာရထောက်ပံ့မှုဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကနှင့် အသင်း/အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာသော မြို့ပေါ်ရပ်ကွက်များမှ နို့တိုက်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှု အာဟာရထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)