ရွှေပြည်သာမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ

ရွှေပြည်သာ   ဩဂုတ်   ၄

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်အနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ် မြမြဝင်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်း‌ဒေသကြီး လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးနှင့် ရွှေပြည်သာမြို့နယ် အားကစားမှူး ဦးဇော်ဇော်လင်းတို့က ကျောင်းသား/သူများအား အားကစားဆိုင်ရာများနှင့် လူငယ်ရေးရာအကြောင်းတို့ကို အသိပညာပေး ဟောပြောသည်။

ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်မြမြဝင်းထံသို့ မြို့နယ်အားကစားမှူး ဦးဇော်ဇော်လင်းမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး Fitness Dance နှင့် တိုက်ကွမ်ဒိုအားကစားသမားများ သရုပ်ပြသကြသည်။

ဆက်လက်၍ သရုပ်ပြသကြသော အားကစားသမားများအား ဂုဏ်ပြုဆု‌ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းလှိုင်နှင့် ခရိုင်အားကစားမှူး ဦးသက်ထွန်းစိုးတို့က ပေးအပ်ချီးမြင့်ခဲ့သည်၊ အခမ်းအနားသို့ ဌာဆိုင်ရာများ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်အုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ၊ သရုပ်ပြအားကစားသမားများ တက်ရောက်‌ကြကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)