ဝိုင်းမော်မြို့နယ်ပညာရေးဦးစီးဌာနမိသားစုမှ ဝါဆိုသက်န်းကပ်လှူပူဇော်ပွဲကျင်းပ

ဝိုင်းမော် ဩဂုတ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ် ပညာရေးမှူးရုံးမိသားစုမှ ဝါဆိုသင်္ကန်းကပ် လှူပူဇော်ပွဲကို ဩဂုတ်လ ၄ ရက်နေ့ နံနက် နာရီက အဆိုပါရုံးရှိ အောင်မင်္ဂလာ ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲ အခမ်းအနားကို “နမောတဿသုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့ပြီး အောင်ချမ်းသာကျောင်းတိုက်မှ ဆရာတော်ဦးဝေပုလ္လထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။

ထို့နောက် ဝါဆိုသင်္ကန်းနှင့်ပတ်သက်သော အနုမောဒနာ တရားများနာကြားကာ၊ ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို ရုတ်သိမ်းခဲ့ကြကာ ကြွရောက်တော်မှုလာကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဖြူစင်