ဥတ္တရသီရိ ဩဂုတ် ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် Nay Pyi Taw International Science Academy ကျောင်းတွင် (School Base Fire Safety Program) စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှုသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ရာ ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးစိုးသက်နောင်မှ ကျောင်းသား၊ ကျောင်းသူများအား မီးဘေးလုံခြုံရေး အသိပညာပေး ဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ် အသိပညာပေး Short Video File များပြသခြင်း၊ DCP မီးသတ်ဆေးဘူးများဖြင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်း၊ ဆီမီးလောင်မှုနှင့် Gas မီးလောင်မှုများကို လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်း၊ Poland နိုင်ငံထုတ် Hydraulic Platform Vehicle 25M မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်ဖြင့် ပါဝင်လေ့ကျင့်ခြင်း၊ Poland နိုင်ငံထုတ် Micro LUF မီးငြှိမ်းသတ်ယာဉ်ဖြင့် ပါဝင်လေ့ကျင့်ခြင်း၊ Evaporation Fire Drillအရေးပေါ်အခြေအနေတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်မီးသတ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးစိုးသက်နောင်နှင့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၃၇၀ ဦး၊ စုစုပေါင်း ၃၉၀ ဦးတက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင်း မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)