မတ္တရာ ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် ၁ နာရီက အ.ထ.က(မတ္တရာ) အောင်ဆန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်မှ လူငယ်ရေးရာအသိပညာပေးဟောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်နှင့် ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ စသည့်ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပွဲသို့ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ပြီး ဟောပြောပွဲအပြီးတွင် စာအုပ်ပြပွဲကိုဆက်လက်ကျင်းပရာ ကျောင်းသားကျောင်းသူ များမှ စိတ်ပါဝင်စားလေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)