မူဆယ်မြို့တွင် ၂၀၂၃ ခုနှစ်၊ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား လက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Aug 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဒေသခံတိုင်းရင်းသားများ၊ လူငယ်လူရွယ်များနှင့် အားကစားဝါသနာရှင်များကို မြန်မာ့အားကစားနှင့်ကာယပညာ တိုးတက်ဖွံဖြိုးရေးအတွက် ၂၀၂၃ခုနှစ်၊ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား လက်ဝှေ့ပြိုင်ပွဲကို ဩဂုတ်လ(၅)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပဆောင်ရွက်ခဲ့ရာ ယမန်နေ့ နေ့လည် (၃း၀၀)နာရီအချိန်က နောက်ဆုံး (final)အဆင့်ထိ တက်ရောက်သွားသောအသင်းများကို ဆက်လက်ယှဉ်ပြိုင်စေလျက် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါလက်ဝှေ့ပြိုင်ပွဲကို ဩဂုတ်လ(၅)ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး မူဆယ်ခရိုင်အတွင်းရှိ လက်ဝှေ့အားကစားဝါသနာရှင်(၆၄)ဦးနှင့် အသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး (၄၈)ကီလို၊ (၅၁)ကီလို၊ (၅၄) ကီလို၊ (၅၇)ကီလို၊ (၆၀)ကီလို၊ (၆၃.၅)ကီလို၊ (၆၇)ကီလိုနှင့် (၇၁)ကီလို ဝိတ်တန်းအသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။