သတင်းများ

မိုင်းပန်မြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ (ပထမအကြိမ်) ထောက်ပံ့သည့် ဓာတ်မြေဩဇာ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Aug 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ (ပထမအကြိမ်) ထောက်ပံ့သည့် ဓာတ်မြေဩဇာ ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ အခမဲ့ ငှားရမ်း‌ပေးခြင်း ဆောင်ရွက်
Aug 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်အတွင်း မိုးစပါး စိုက်ပျိုးမှု ၈၅ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီး
Aug 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးများ စိုက်ပျိုးခြင်းကို လျာထားချက် ၈၅ ရာခိုင်နှုန်းအထိ စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
သရက်ချောင်းမြို့တွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်တော် လှူဒါန်းခြင်း အခမ်းအနား ကျင်းပ
Aug 11,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်တော်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
လင်းခေးတွင် တပ်နယ်မှူးဒိုင်း မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ
Aug 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့တွင် ယမန်နေ့မွန်းလွဲ (၃)နာရီက တပ်နယ်မှူး ဒိုင်းမိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို မြို့နယ်ပြည်ငြိမ်းအေးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကော့မှူး၌ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ကျင်းပ
Aug 11,2023
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ယနေ့နံနက်က စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
အသက်(၅)နှစ်မှ(၁၅)နှစ်အထိ ကာကွယ်ဆေး မထိုးနှံရသေးသူများအားဆေး ထိုးနှံပေး
Aug 11,2023
ရန်ကုတ်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ကလေးဘဝအရွယ်မှစ၍ ကာကွယ်ဆေး လုံးဝမထိုးရသေးသော ကိုရင်များ၊ သီလရှင်ဆရာကလေးများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသားများကို ယမန်နေ့မွန်းလွဲပိုင်းက ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများက ကျောင်းတိုက်များအရောက် လိုက်လံထိုးနှံပေးနေကြောင်း သိရသည်။
နတ်မောက်မြို့ လူထုအခြေပြဗဟိုဌာန ( Community Centre) ခန်းမ၌ ပုံပြောပြိုင်ပွဲကျင်းပ
Aug 11,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ KG ကျောင်းသား/သူများဖြင့်  ပုံပြောပြိုင်ပွဲပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန ( Community Centre)  ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။