ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ယာဉ်၊ လမ်းစည်းကမ်း အသိပညာပေးဟော ပြောပွဲကျင်းပ

ကမာရွတ် သြဂုတ် 10

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ယာဉ်၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စုမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် ကင်းရှင်း​စေ​ရေး​ဟော​ပြောခြင်း၊ လူကုန်ကူးမှုတားဆီး​ရေးကို လူကုန်တားရဲတပ်ဖွဲ့မှ​ ဟောပြောပေးခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့်ပက်သက်၍ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌမှ ​ဟော​ပြောခြင်းနှင့် ယာဉ်လမ်းစည်းကမ်းအသိပညာပေးလက်ကမ်းစာ​စောင်၊ မူးယစ်​ဆေးဝါးအန္တရာယ်အသိပညာပေးလက်ကမ်းစာ​စောင်များနှင့် လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာ​စောင်များကို ဖြန့်​ဝေ​ပေးခဲ့ပါသည်။

အဆိုပါအသိပညာပေးဟောပြောပွဲကို ပထမနှစ်မှစတုတ္ထနှစ် တက်ရောက်နေကြသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ(၃၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

စိမ်းလဲ့