ကမာရွတ် သြဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပခဲ့ပါသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး အနောက်ပိုင်းခရိုင်လူမှုဝန်ထမ်း ရုံးတာဝန်ရှိသူတစ်ဦးမှ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ပက်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကာ တက်ရောက်လာသည့် ကော်မတီဝင်များမှ လိုအပ်သည်များကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်ရေးဆိုင်ရာကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့