ပျော်ဘွယ် ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ငယ်စဉ်မှစတင်ကာ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကေင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၆ ရက် မွန်းလွဲ ၁ နာရီက အခြေခံပညာမူလတန်းကျောင်း(ပေကုန်း)၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက အသိဉာဏ်ပညာ ဖွံဖြိုးတိုးတက်စေရန်အတွက် မိမိတိုနှင့်လိုက်လျောညီထွေဖြစ်မည့် ရုပ်ပြများ၊ ပုံပြင်များ၊ စာပေများကို ရွေးချယ်ဖတ်ရှုရန်လိုအပ်ပါကြောင်း၊ ကျောင်းစာစာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချနိုင်ရေးတို့အား ကျောင်းသား၊ကျောင်းသူများနှင့် အပြန်အလှန်ရှင်းလင်းဆွေးနွေးဟောပြောသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များကိုပြသထားရာ တက်ရောက်လာသည့်ပြည်သူများက လေ့လာကြည့်ရှုကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)