ဝမ်းတွင်းမြို့နယ်၌ အကြိုအခြေခံမီးသတ်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)ဖွင့်

ဝမ်းတွင်း ဇူလိုင်  ၆

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ အကြိုအခြေခံမီးသတ်သင်တန်း(၁/၂၀၂၆)သင်တန်းကို ဇူလိုင် ၆ ရက် နံနက်က မြို့မစည်ပင်သာယာခန်းမတွင် ဖွင့်လှစ်သည်။

မြို့နယ်မီးသတ်ဦးစီးဌာနမှ နိုင်ငံပိုင်ကုန်ထုတ်အရင်းအနှီး အဆောက်အဦများ၊ ပုဂ္ဂလိကပိုင်ကုန်ထုတ်အရင်းအနှီးအဆောက်အဦများအား မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့မှ ကာကွယ်တားဆီးနိုင်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအား စနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်စေရန် အကြိုအခြေခံမီးသတ်သင်တန်း(၁/၂၀၂၆)ကို ဖွင့်လှစ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းကို မြို့မစည်ပင်သာယာစျေး ဝန်ထမ်းများနှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များထဲမှ သင်တန်းသားသင်တန်းသူ ၃၅ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလကို  ဇူလိုင် ၆ ရက်မှ ၁၇ ရက်အထိ ရက်သတ္တနှစ်ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်