သာစည် ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီဌာနမှ တာဝန်ယူ ဆောင်ရွက်လျှက်ရှိသော သာစည်-ညောင်ရမ်းလမ်းမှ အင်းဝင်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ဇူလိုင် ၅ ရက်က တိုင်းဒေသကြီးကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် (၉၈.၃၈၅)သန်းဖြင့် သာစည် - ညောင်ရမ်းလမ်းမှ အင်းဝင်းလမ်း လမ်းအရှည် (၀.၆၀၃)ကီလိုမီတာအား ကျောက်ချောလမ်းခင်း ခြင်းလုပ်ငန်းများကို သာစည်မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြိုပြ) ဦးကျော်ဇေယျာဝင်းနှင့် မိတ္ထီလာခရိုင်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြိုပြ) ဦးသိန်းဝင်းတို့က ကွင်းဆင်းစစ်ဆေးကာ လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီအောင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သာစည်-ညောင်ရမ်းလမ်းမှ အင်းဝင်းလမ်းသည် သာစည်မြို့သို့ အဓိကဆက်သွယ်ထားသော သာစည်-ညောင်ရမ်းလမ်းနှင့် ချိတ်ဆက်ထားသောလမ်းဖြစ်ပြီး လမ်းလုပ်ငန်းများဆောင်ရွက်ပြီးပါက အဆိုပါလမ်းကို အသုံးပြနေသည့် ကျေးလက်နေပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များအတွက် သွားလာရေးအဆင်ပြေချောမွေ့လာမည်ဖြစ်ပြီး လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်