ဘားအံ ဇူလိုင် ၆
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၆ခုနှစ်အတွင်း တောင်ကလေး၊ အဲးခိုးစာမူဆု ပြိုင်ပွဲဝင်စာမူများ ပဏာမစိစစ်ရွေးချယ်နိုင်ရေးအတွက် စာမူများလွှဲပြောင်းပေးအပ်ခြင်းကို ဇူလိုင် ၅ ရက် မွန်းလွဲ(၂) နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရတနာသုခအိမ်ရာရှိ စာမူဆုစိစစ်ရေးရုံး ခန်းမတွင် ပြုလုပ်သည်။
၂၀၂၆ခုနှစ်အတွင်း တောင်ကလေး၊ အဲးခိုးစာမူဆုစိစစ် ရွေးချယ်နိုင်ရေးအတွက် တောင်ကလေး အဲးခိုးစာမူဆု ဘာသာရပ်(၉)ခုအား ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းမှ စာပေပညာရှင်များ၊ စာပေချစ်မြတ်နိုးသူများမှ ပြိုင်ပွဲဝင်စာမူပေါင်း (၁၅၄)စောင် ရရှိခဲ့ပြီး သက်ဆိုင်ရာဘာသာရပ်များအလိုက် ပဏာမစိစစ်ရေးကော်မတီများသို့ အဲးခိုးစာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဌ ဦးသောင်းထွန်းက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
တောင်ကလေးအဲးခိုးစာမူဆုကို ၂၀၂၅ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး မြန်မာစာပေဖွံ့ဖြိုး တိုးတက် ရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုတက်ရေးအတွက် အထောက်အကူပြုရေး၊ ကရင်တိုင်းရင်းသားစာပေ ဖွံဖြိုး တိုးတက်ရေးနှင့်မော်ကွန်းမှတ်တမ်းတင်နိုင်ရေးအတွက်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)