မြစ်သားမြို့နယ်၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုး

မြစ်သား ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆ခုနှစ်၊ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ (World Rural Development Day 2026) အထိမ်းအမှတ်အဖြစ် "တက်ကြွ၍သာယာဝ‌ပြောပြီး ပျော်ရွှင်ချမ်းမြေ့သော ကျေးလက်အသိုက်အဝန်းဖော်ဆောင်ရေး" ဆောင်ပုဒ် အတိုင်းသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၆ ရက် နံနက်ပိုင်းက ကင်းစိန်ဈေးကျေးရွာနှင့် သာလွန်စံပြကျေးရွာတို့၌ ကျင်းပသည်။

 အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူးဒေါ်တင်တင်မာနှင့်ဝန်ထမ်းများ၊ ကျေးရွာသူ/ သားများက မယ်ဇလီပင် ၁၀၀ ၊ ‌သပြေဘူတပင် ၅၀ ၊ စုစုပေါင်းအပင် ၁၅၀ တို့အား စုပေါင်းစိုက်ပျိုးကြကြောင်းသိရသည်။

ဝါဝါမြင့် (မြစ်သား)