တောင်သာမြို့၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုး

တောင်သာ ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါဦးစီးဌာန ရုံးအဝင်လမ်း သတ်မှတ်နေရာ၌ ကျင်းပသည်။

ထိုသို့ ကျင်းပရာတွင် ကျေလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးမြတ်မျိုးထွန်းက ဖိတ်ကြားထားသော စီးမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ဝန်းကြီးဌာနအောက်ရှိ ဦးစီးဌာနများဖြစ်သော ကျေးလက်လမ်းဖွံ့ဖြိးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ တာဝန် ရှိသူများ၊ ကျေးလက်ဦးစီးဌာနဝန်ထမ်းများထံသို့  စိုက်ပျိူးမည့် ပျိုးပင်များ ပေးအပ် ခဲ့ကာ သတ်မှတ်နေရာများတွင် စိုက်ပျိုးခဲ့ကြသည်။

ကျော်မျိုးနိုင်(တောင်သာ)