ကျောက်ပန်းတောင်းမြို့နယ်၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်းဖွင့်

ကျောက်ပန်းတောင်း ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ကျောက်ပန်းတောင်းမြို့နယ်၌ ပြည်ထဲရေးဝန်ကြီးဌာန မြို့နယ်မီးသတ်ဦးစီး ဌာနမှူးရုံးမှကြီးမှူးဖွင့်လှစ်သည့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၆ ရက် နံနက် ၉ နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်မီးဘေးလုံခြုံရေးဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့်သင်တန်းဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ အဆိုပါ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြိုအခြေခံမီးသတ်ပညာသင်တန်းကို ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့မစည်ပင်သာယာဈေးကြီးမှ ၂၅ ဦး၊ တမ္ပဝတီဈေးသစ်ကြီးမှ ၁၀ ဦး စုစုပေါင်း သင်တန်းသား ၃၅ ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ၁၀ ရက် ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)