ညောင်ဦးမြို့ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်

ညောင်ဦး ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ညောင်ဦးမြို့ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြို အခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၆ ရက် နံနက် ၉ နာရီခွဲက မင်းနန်သူကျေးရွာ နန်းမြင့်မျှော်စင်ခန်းမတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိမ်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းကို သင်တန်းသား၊သင်တန်းသူ ၃၅ ဦးဖြင့် ဇူလိုင် ၆ ရက်မှ ဇူလိုင် ၁၇ ရက်အထိသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

ဒီပါလင်း