မန္တလေး ဇူလိုင် ၆
အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ အမှတ်စဉ်(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၆ရက် နံနက်ပိုင်းက မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်(၂)၊ ၁၃၉ လမ်း၊ ၄၇ လမ်း × ၄၈ လမ်းကြားရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး)၌ ကျင်းပသည်။
ဦးစွာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့က အမှာစကားပြောကြားသည်။
အဆိုပါ အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ထိန်းသိမ်းခြင်သင်တန်းကို ဇူလိုင် ၆ ရက်မှ ၁၀ ရက်အထိ စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား ၁၅ ဦး တက်ရောက်ကြသည်။
အခမ်းအနားသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြမြသက်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးဇာနည်မောင်၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လှ၊ မြို့နယ်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး) ကျောင်းအုပ်ကြီး ဒေါ်ခင်မာလွင်၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း( အောင်/စံ)