ဘားအံမြို့၌ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းဖွင့်

ဘားအံ ဇူလိုင် ၆

ဥပဒေရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသော ပြည်သူ့အတွက် ကြိုးပမ်းမှုလုပ်ငန်းစဉ်များတွင်ပါဝင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT) ဖွင့်ပွဲကို ဇူလိုင် ၆ ရက် နံနက် ၈ နာရီက ဘားအံမြို့ လူငယ်စင်တာ၌ကျင်းပရာ ပြည်နယ်ဥပဒေချုပ် ဒေါ်နော်သန်းသန်းငြိမ်း တက်ရောက်အမှာစကားပြောကြားသည်။

ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် ဘားအံမြို့၌ ဒုတိယအကြိမ်ဖွင့်လှစ်သည့်သင်တန်းဖြစ်ပြီး သင်တန်းတွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ စသည့်ဥပဒေဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းသို့ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး ၁၀၀ ဦးခန့်တက်ရောက်ခဲ့ကြကာ သင်တန်းကို ဇူလိုင် ၆ ရက်မှ ၇ ရက်အထိ နှစ်ရက်ကြာဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)