သတင်းများ

မုံရွာမြို့တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲနှင့် တေးသီချင်းသီဆိုဖျော်ဖြေပွဲများ အခမ်းအနား ကျင်းပ
Jul 03,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲနှင့် တေးသီချင်းသီဆိုဖျော်ဖြေပွဲများ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီးချုပ်နှင့် ဇနီး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ တိုင်းဒေသကြီး၊ ခရိုင် ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်မှု အဖွဲ့ဝင်များနှင့် ဆုရကျောင်းသူလေးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
တောင်တွင်းကြီးမြို့နယ်တွင် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ RC ကွန်ကရစ်တံတား တည်ဆောက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Jul 03,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် (၂၈၀.၀၀၀) သန်းဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် တောင်တွင်း-အောင်လံ ကားလမ်းမကြီးမှ ရွာသစ်ကျေးရွာချင်းဆက် လမ်းပေါ်ရှိ အရှည်ပေ ၄၀ တံတား Bore Pile လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော် စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲမှ အငယ်တန်း အင်ဂျင်နီယာ-၂ (မြို့ပြ) ဦးခိုင်မင်းထွန်း၊ လုပ်ငန်းတာဝန်ခံ ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်ထွန်းကျော်နှင့် တာဝန်ရှိသူများက RC ကွန်ကရစ်တံတားအား သတ်မှတ်စံနှုန်းများအတိုင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြန်မာအမျိုးသမီးများနေ့အခမ်းအနား တက်ရောက်
Jul 03,2025
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် (၃) ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြိတ်မြို့၊ ပုလဲရတနာခန်းမတွင် ကျင်းပမည့် ၂ဝ၂၅ ခုနှစ် “မြန်မာအမျိုးသမီးများနေ့” အခမ်း အနား တက်ရောက်ကြသည်။
မအူပင်မြို့၌ ခရိုင်အဆင့် ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်
Jul 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ယမန်နေ့နံနက် (၉)နာရီက ခရိုင်အဆင့် ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်သင်ကြားပို့ချသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်
Jul 03,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာအောင်သင်း ရေးသားသော “ပညာနှင့်ကန်တော့ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဓနုဖြူမြို့နယ် အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဓနုဖြူမြို့နယ် အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒက္ခိဏခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Jul 03,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရပ်စောက်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် မြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေးကျေးရွာထူထောင်ရန်အတွက် ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 03,2025
ရပ်စောက်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော် ထောက်ပံ့ငွေဖြင့် မြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေးကျေးရွာထူထောင်ရန်အတွက် ကောင်းဘို့ (ရှေ့) ကျေးရွာသို့ ရန်ပုံငွေ ကျပ်သိန်း (၄၈၀) အား (တတိယအကြိမ်) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် မွေးမြူရေးနှင့်ကုရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။