မုံရွာ ဇူလိုင် ၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲနှင့် တေးသီချင်းသီဆိုဖျော်ဖြေပွဲများ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီးချုပ်နှင့် ဇနီး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ တိုင်းဒေသကြီး၊ ခရိုင် ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်မှု အဖွဲ့ဝင်များနှင့် ဆုရကျောင်းသူလေးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက အမှာစကားပြောကြားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်းအမှတ် video clip အား ပြသပြီးနောက် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်အမျိုးသမီးလေးများက “အားအင်သစ်များနှင့်အတူ” သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မုံရွာ)မှ ကျောင်းသူလေးများအဖွဲ့က “ရွှေမြန်မာ” “ရှမ်းကြီးအက” စသည့်သီချင်းများဖြင့် ဂုဏ်ပြုသီဆို ဖျော်ဖြေခဲ့ကြသည်။
ထို့နောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် အခြေခံပညာကျောင်းများမှကျောင်းသား ကျောင်းသူလေးများအား ဆုချီးမြှင့်ရာ ပထမနှင့် ဒုတိယဆုအား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၏ဇနီးက လည်းကောင်း၊ တတိယနှင့် အထူးဆုအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီးတို့ကလည်းကောင်း ဆုများလက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ဟောပြောပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ “မြန်မာအမျိုးသမီးဂုဏ်ရည်” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပေးပါသော ဆရာမသက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) အား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၃ သိန်းကို တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ ရွှေမြန်မာတေးသီချင်းဖြင့် ကပြဖျော်ဖြေပေးပါသော သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မုံရွာ)မှ သင်တန်းသူလေးများအား ချီးမြင့်ငွေ ကျပ်တစ်သိန်းကို တိုင်းဒေသကြီး ဥပဒေချုပ်မှ လည်းကောင်း ၊ ရှမ်းကြီးအက တေးသီချင်းဖြင့် တေးသရုပ်ဖော်ကပြ ဖျော်ဖြေပေးပါသော သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မုံရွာ)မှ သင်တန်းသူလေးများအား ချီးမြှင့်ငွေကျပ်တစ်သိန်းကို လည်းကောင်း ပေးအပ်ချီးမြှင့်ပြီးနောက် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)