ရပ်စောက် ဇူလိုင် ၃
ရပ်စောက်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော် ထောက်ပံ့ငွေဖြင့် မြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေးကျေးရွာထူထောင်ရန်အတွက် ကောင်းဘို့ (ရှေ့) ကျေးရွာသို့ ရန်ပုံငွေ ကျပ်သိန်း (၄၈၀) အား (တတိယအကြိမ်) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့်ကုရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်ကြီးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်က မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ၊ ရန်ပုံငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်က မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေ ကျပ်သိန်း(၄၈၀) ကို (တတိယအကြိမ်) ကောင်းဘို့ (ရှေ့) ကျေးရွာသို့လည်းကောင်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင့်ဇော်က မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာပိုင်စုဆောင်းရန်ပုံငွေ ကျပ်သိန်း(၂၄၀)ကို (ဆဌမအကြိမ်) ရပ်စောက်မြို့နယ် ပါမဲကျေးရွာအုပ်စု၊ တပ်ဦးရွာသစ်၊ ထင်းကွင်းကျေးရွာသို့လည်းကောင်း အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ပြီး ကျေးရွာကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)