သတင်းများ

ပြည်ကြီးတံခွန်မြို့နယ် (Community Centre) ခန်းမ၌ ဆပ်ပြာဆီလုပ်နည်းသင်တန်းပြုလုပ်
Mar 22,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၁)နာရီအချိန်က ဆပ်ပြာဆီလုပ်နည်း သင်တန်းပြုလုပ်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်အားလုံး အောင်မြင်စွာဖြေဆိုပြီးစီး
Mar 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်နေ့မှ စတင်ဖြေဆိုခဲ့ရာ ယနေ့အထိ ဘာသာရပ်အားလုံးအား စိတ်အေးချမ်းမြေ့အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးစီး
Mar 22,2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာ​မေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မတ်လ ၁၇ ရက်ကစတင်ဖြေဆိုလျက်ရှိရာ ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ဇီဝ​ဗေဒနှင့် ​ဘောဂ​ဗေဒဘာသာရပ်ကို အ.ထ.က(မိုင်းဖြတ်)စာစစ်ဌာန၌ ဆက်လက်​ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်
Mar 22,2025
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ရုံးမှ ဝန်ထမ်းများအဖွဲ့သည် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့နံက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့ ဖြေဆိုပြီးစီး
Mar 22,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ ဆဋ္ဌမနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာအား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့၌ ကျောင်းသား၊ ကျောင်းသူများ ယနေ့တွင် ဖြေဆိုပြီးစီးခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်တွင် မြန်မာ့ရိုးရာသနပ်ခါး ယဥ်ကျေးမှုဓလေ့ လှုပ်ရှားမှုများ ဆောင်ရွက်
Mar 22,2025
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့များနှင့်ပတ်သက်၍ ပညာပေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ဆိုင်ရာ လှုပ်ရှားမှု အစီအစဉ်များ ဆောင်ရွက်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် နိုင်ငံတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး
Mar 22,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းက နိုင်ငံတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးစီး
Mar 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ကို ယနေ့ နေ့လယ် ၁၂ နာရီတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။