တောင်တွင်းကြီး ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် (၂၈၀.၀၀၀) သန်းဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် တောင်တွင်း-အောင်လံ ကားလမ်းမကြီးမှ ရွာသစ်ကျေးရွာချင်းဆက် လမ်းပေါ်ရှိ အရှည်ပေ ၄၀ တံတား Bore Pile လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော် စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲမှ အငယ်တန်း အင်ဂျင်နီယာ-၂ (မြို့ပြ) ဦးခိုင်မင်းထွန်း၊ လုပ်ငန်းတာဝန်ခံ ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်ထွန်းကျော်နှင့် တာဝန်ရှိသူများက RC ကွန်ကရစ်တံတားအား သတ်မှတ်စံနှုန်းများအတိုင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ RC ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးပါက ရွာသစ်ကျေးလက်နေဒေသခံ ပြည်သူများ၏ ဒေသထွက်သီးနှံများ ရောင်းဝယ်ရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စရပ်များအတွက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)