သတင်းများ

ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Dip. EP) (၁/၂၀၂၅) သင်တန်းဖွင့်
Mar 25,2025
ပဲခူးတိုင်းဒေသကြီး (အနောက်) ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Dip. EP) (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် ယာဥ်စည်းကမ်း/ လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင်တင်နေ့စဥ် ဆောင်ရွက်
Mar 25,2025
ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရဲတပ်ဖွဲ့မှ ကြီးမှူး၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေး​ခြင်းများ ပြုလုပ်၍ အသိပညာပေးအရှိန်အဟုန်မြင့်တင် နေ့စဥ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။
သာယာဝတီမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ/ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် ‌ဆွေးနွေးပွဲပြုလုပ်
Mar 25,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်စွမ်းရည်မြင့်မားရေးအတွက် ဆရာ/ ဆရာမများအား ကောင်းမွန်သော သင်ကြားရေးဆိုင်ရာ အရည်အသွေးများနှင့် လုပ်ငန်းတတ်ကျွမ်းမှုဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သင်ရိုးသစ်ဘာသာရပ်များကို ပိုမိုနားလည်တတ်ကျွမ်းလာစေရန်ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က (၁) သာယာဝတီကျောင်းနှင့် အ.ထ.က (သုံးဆယ်) ကျောင်းများ၌ ဖွင့်လှစ်သင်ကြားလျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြင့်မားရေးဆွေးနွေးပွဲကို ခရိုင်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် မတ်လ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့ထိ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အ.ထ.က (၁) သာယာဝတီကျောင်းတွင် အလယ်တန်းအဆင့်တွင် နည်းပြ (၅၂) ဦးနှင့် ရုံးအဖွဲ့ (၃) ဦး၊ ကျောင်းဆရာ/ဆရာမ (၇၀၃) ဦး၊ အ.ထ.က (သုံးဆယ်) ကျောင်းတွင် မူလတန်းအဆင့်တွင် နည်းပြ (၅၀) ဦး၊ ဆရာ/ ဆရာမ (၇၅၆) ဦး၊ တက်ရောက်ဆွေးနွေးကြမည်ကြောင်း သိရသည်။
သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP) အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP) အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယ‌မန်‌နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Mar 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား‌ မတ် ၂၃ ရက်နေ့က ၀က်ကိုက်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေး
Mar 25,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာ၊ ရွှေဟင်္သာဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြိုနယ်တွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Diploma in Education. and pedagogy ၁/၂၀၂၅သင်တန်းဖွင့်ပွဲ အခမ်းအနားဖွင့်လှစ်သင်ကြား
Mar 25,2025
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဟားခါးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ မူလတန်းပြ ဆရာ၊ ဆရာမများအား သင်ကြားရေးတွင် အထောက်အကူဖြစ်စေရန်အတွက် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Diploma in Education and Pedogogy- Dip.Ep) သင်တန်းကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ အခြေခံပညာအလယ်တန်း၊ မူလတန်းအဆင့်ရှိ ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ
Mar 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ အခြေခံပညာ (လယ်၊ မူ) အဆင့်ရှိ ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျွန်းတောတို့တွင် ကျင်းပခဲ့သည်။