သတင်းများ

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ် စာစောင်ပြသခြင်းများ ဆောင်ရွက်
Jul 04,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း  နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက (အ.မ.က) ကဒါအထက်ကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 04,2025
ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ‌၌ ယမန်နေ့က အခြေခံပညာ (အ-ထ-က)သရက်ချောင်း‌ကျောင်းမှ ကျောင်းသား/သူများဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်စာအုပ်ပြပွဲ ကျင်းပ
Jul 04,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ် (၁၆) အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌  စည်းကမ်းတကျ အမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 04,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ စည်းကမ်းတကျအမှိုက်ခွဲခြားစွန့်ပစ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ မိုးစပါးများ စတင်စိုက်ပျိုး
Jul 04,2025
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့၌  ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးတစ်ဧက ပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုးစားဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ပထမပတ်တွင် တောင်ရင်းကျေးရွာရှိ တောင်သူဦးခင်အောင်၏ လယ်တွင် ဆင်းသွယ်လတ် မိုးစပါးများ စတင်စိုက်ပျိုးသည်။
ကျောက်ဆည်မြို့တွင်လူငယ်များအချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အခြေခံကရာတေးပညာများ သင်ကြားပေးလျက်ရှိ
Jul 04,2025
မန္တလေးတိုင်းဒေသကြီး ‌ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့တွင် လူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်အားကစားလူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍  ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကရာတေးပညာများ (အခမဲ့)သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မိကျောင်း အသိုက်ပြုလုပ်သည့် ရာသီ၌ ဘိုကလေးမြို့နယ်တွင် (၂)ရက် ဆက်တိုက် မိကျောင်းဆွဲမှုဖြစ်ပွား
Jul 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောနှင့် ဆက်စပ်ရာ ဒီရေတောဒေသများတွင် ရေချိုရေငံစပ် မိကျောာင်းများ ရှင်သန်ပေါက်ဖွား ကျက်စားလေ့ရှိရာ ယခုအချိန် ဇွန်လမှ ဩဂုတ်လအထိကာလသည် မိကျောင်းများအနေဖြင့် အသိုက်ဖွဲ့၊ အသိုက်ပြုလုပ်သည့် ကာလဖြစ်ပြီး မိကျောင်းအန္တရာယ်ရှိသည့် ကာလတစ်ခုဖြစ်သည်။
ဘိုကလေးမြို့နယ်တွင် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက် (၁၀) နာရီ အချိန်တွင် ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပဆောင်ရွက်သည်။