သတင်းများ

ပွင့်ဖြူမြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Jul 04,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မြေစာရင်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေစပါး စံကွက်ရတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စု၊ ကွင်းအမှတ်(၈၅၂)၊ ဦးပိုင်အမှတ်(၂၈/၁) တောင်သူ ဦးကျော်ဝင်းဌေး၏ စပါးမျိုးကွဲ (ရတနာတိုး) စိုက်ကွက်ကောင်း ကိုယ်စားပြု လယ်မြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းခတ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Jul 04,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီခွဲ အချိန်က မိုင်းခတ်မြို့၊‌ မြို့နယ်ပညာ‌ရေးမှူးရုံးရှိ စာဖတ်ပရိသတ်များထံ စာအုပ်များ ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင်(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းများအား ဆန်နှင့်ဆီထောက်ပံ့ပေးအပ်
Jul 04,2025
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနမှ  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့တွင်ကျရောက်မည့်  (၁၀၃)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ ဦးစီးဌာနဝန်ထမ်းများနှင့် အသင်းစုဝန်ထမ်းများအား ဆန်နှင့်ဆီများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က မြို့နယ်သမဝါယမအသင်းစုအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကန့်ဘလူမြို့၌ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်
Jul 04,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စိုက်ပျိုရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့်ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ကန့်ဘလူမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့်  ဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ
Jul 04,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲစဉ်များနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃နာရီက ခရိုင်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးရဲရန်ပိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်၍ ကြည့်ရှုအားပေးခဲ့ကြသည်။
ရေနံချောင်းမြို့ အ.ထ.က (လည်ပေါ်) ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြော
Jul 04,2025
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ ကျောင်း‌‌နေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိစေရန်နှင့် ကလေးလုပ်သားခိုင်းစေမှုပပျောက်စေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်‌ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အ.ထ.က (လည်ပေါ်)ကျောင်း၌ ကျင်းပသည်။
အ.ထ.က(နမ့်စန်)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်
Jul 04,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အသိပညာပေး ဟော‌ပြောပွဲကျင်းပ
Jul 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ရေသယံဇာတ/ ငါးသယံဇာတထိန်းသိမ်းရေး၊ ကလေးသူငယ်အလုပ်သမားပပျောက်ရေးနှင့် သက်ဆိုင်သည့် ဥပဒေအကြောင်းအရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)၊ သော်ကခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။