နေပြည်တော် ဇူလိုင် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ ဖလှယ်ဆွေးနွေး နိုင်ရေးရည်ရွယ်ကာ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စာပေဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဒေါ်သင်းသင်းဇင်(ဇင် ရန်ကုန်တက္ကသိုလ်)၊ ဦးမောင်မောင်တာ (သဘာ၀)၊ ဦးလင်းထဋ်(လူကယ်ပြန်/ငြိမ်း)၊ ဆရာခိုင်မင်း(နေပြည်တော်)၊ ဦးခင်မောင်ကျော်(ရဲမွန်ကျော်)၊ ဦးဝင်းကို (ယုံလေး)၊ ရွှေပြည်စိုး (မိုးကုတ်)၊ ဒေါ်ခင်ငြိမ်းအေး( မေချို-ပျဉ်းမနား)၊ စိန်ဝင်း(စိန်ဝင်းနွယ်)၊ ဒေါ်နှင်းနှင်းလွင် (လုံမငယ် လူ/မှု)၊ ချယ်ချယ်(YU)နှင့် စာပေဝါသနာရှင်များက “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ပါအကြောင်းအရာများကို မိမိတို့၏အတွေး၊ အမြင်ရှုထောင့် အသီးသီးမှ သုံးသပ်ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
အောင်သူရဦး (ဒက္ခိဏ)