သတင်းများ

ကျိုင်းတုံဘိုးဘွားရိပ်သာ၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဆန်၊ ဆီ၊ ကြက်ဥ နှင့် အလှူငွေများ ပေးအပ်လှူဒါန်း
Jul 03,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဘိုးဘွားရိပ်သာ၌ မြန်မာအမျိုးသမီးများနေ့ (အကြို) အထိမ်းအမှတ်အဖြစ် ဆန်၊ ဆီ၊ ကြက်ဥ နှင့် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့က ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်သော After Lunch Tooth Brushing Activity အခမ်းအနားကျင်းပ
Jul 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်သော After Lunch Tooth Brushing Activity အခမ်းအနားကို ဇူလိုင် ၁ ရက်နေ့ နံနက်(၁၀)နာရီအချိန်က​အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၊ နံနက်(၁၁)နာရီခွဲအချိန်က အမှတ်(၂၁)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
လိပ်သိုဒေသတွင် ဂေါ်ရခါးပင်များ စိုက်ပျိုးခြင်းဖြင့် မိသားစု အထောက်အကူပြု
Jul 03,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသခံပြည်သူများမှာ မိုးရာသီကာလ၌ စားဖိုဆောင်သီးနှံအမျိုးမျိုးကို မိမိတို့၏ နေအိမ်ပတ်ဝန်းကျင်နှင့် မြေလွတ်နေရာများ၌ စိုက်ပျိုးလျက်ရှိကြရာ ဂေါ်ရခါးပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားလျက်ရှိပြီး ဂေါ်ရခါးသီးများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုအထောက်အကူပြုလျက်ရှိနေကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၁၁၈၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်
Jul 03,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၁၁၈၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (CommunityCenter) ခန်းမတွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jul 03,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်ခရိုင်၊မိုင်းခုတ်မြို့    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက်ပိုင်းက မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပ
Jul 03,2025
အမျိုးသမီးများ၏အခွင့်အရေးနှင့်စွမ်းဆောင်နိုင်မှုများကို ပြည်သူလူထုက ပိုမိုအာရုံစိုက်လာစေရန်နှင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
မြောက်ဥက္ကလာပမြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲကျင်းပ
Jul 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ် (‌‌‌‌၄) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းကောင်စီကတိသစ္စာခံယူပွဲကို ဇူလိုင် ၁ ရက်နေ့ နံနက် ၉ နာရီအချိန်၌ အဆို‌‌ပါကျောင်းတွင် ပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေး
Jul 03,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ငဖဲမြို့မရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။