သတင်းများ

ရေနံချောင်းမြို့နယ်၌ သင်ကြားသင်ယူမှုထိရောက်စေရန် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်လှစ်
Mar 24,2025
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား သင်ကြားသင်ယူမှု ပိုမိုထိရောက်အကျိုးရှိစေရန် ရည်ရွယ်၍ ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ နားဟီးကျေးရွာအုပ်စု၊ ဝါးလှကျေးရွာ၊ ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပ
Mar 24,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် ကျောက်တလုံးကြီးမြို့၊ နားဟီးကျေးရွာအုပ်စု၊ ဝါးလှကျေးရွာ၊ ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကို အဆိုပါကျေးရွာတွင် ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ဟိုပုံးမြို့နယ် အ.ထ.က (၂)ကျောင်း၌ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်
Mar 24,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဘာသာရပ်အလိုက် သင်ကြားမည့် ဆရာဆရာမများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရန်၊ အခြေခံပညာအထက်တန်းအဆင့် သင်ကြားသင်ယူမှု ပိုမိုထိရောက်အောင်မြင်လာစေရန်၊ အခြေခံပညာအထက်တန်းအဆင့် ဆရာဆရာမများ ဘာသာရပ်အလိုက် သင်ကြားသင်ယူမှု ပိုမိုကျွမ်းကျင်လာစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက်(၉) နာရီအချိန်ကစတင်ကာ  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ဟိုပုံးမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းခွဲ (ပေါင်လင်း)၌ အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းဖွင့်လှစ်ပို့ချ
Mar 24,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းခွဲ (ပေါင်လင်း)၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်၌ နှစ်(၈ဝ)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
Mar 24,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ဓနုဖြူမြို့နယ်၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ပခုက္ကူမြို့၊ အမှတ် (၁) မြို့မစည်ပင်သာယာဈေးကြီး မီးဘေးအန္တရာယ် လုံခြုံရေးကွင်းဆင်းစစ်ဆေး
Mar 24,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၁) မြို့မစည်ပင်သာယာဈေးကြီးနှင့်ဈေးသူဈေးသားများ မီးဘေးအန္တရာယ်ကင်း‌ဝေးစေရေးနှင့် လုံခြုံ‌စိတ်ချမှုရှိစေရေးရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာ၌ ကုန်ထုတ်လမ်းလမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Mar 24,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုင်းလွေကျေးရွာအုပ်၊ ယန်းခိုင်ကျေးရွာ၌ ကုန်ထုတ်လမ်းလမ်းသစ် (၄)ဖာလုံအား ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများမှ အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အလယ်ကျွန်း (၂)တာ MCD (1)မြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု
Mar 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများသည် ယ‌မန်နေ့မွန်းလွဲပိုင်းက မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်၊ ငပုတောမြို့နယ် အလယ်ကျွန်း (၂)တာ MCD (1)မြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ထား ရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု့ပြီး တာဝန်ရှိသူ၏ ရှင်းလင်းတင်ပြမှုအ‌ပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။