သတင်းများ

ပန်းတောင်းမြို့နယ်တွင် မြို့နယ်အဆင့် (လယ်/မူ) ဆရာ/ ဆရာမများအား ဘာသာရပ်မွမ်းမံသင်တန်းဆွေးနွေးပွဲကျင်းပ
Mar 24,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန်၊ သတ်မှတ်ထားသော စံညွှန်းကိန်းများကို တတ်ကျွမ်းနားလည်တတ်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းသင် ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပန်းတောင်းမြို့နယ်အတွင်းရှိ အ.ထ.က ကျောင်းနှင့် အ.မ.က (လွန်) ကျောင်းများတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပတောချောင်းကူးတံတားဖွင့်ပွဲ အခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်
Mar 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်မှစ၍ ၂၀၂၄-၂၀၂၅ ဘဏ္ဌာရေးနှစ်အထိ တိုင်းဒေသကြီး (ငွေလုံးငွေရင်း)  ရန်ပုံငွေ စုစုပေါင်း ကျပ်(၉၀၀) သန်းဖြင့် ဌာနမှတာဝန်ယူဆောင်ရွက်ခဲ့သော အိုးဘို-ချောင်းကလေးလမ်းပေါ်ရှိ အရှည် (၁၈၀) ပေရှိသော ကျုံပတော ချောင်းကူးကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားအား (၂၃.၃.၂၀၂၅) ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်၊ သံယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။   
မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် သင်တန်း/ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
Mar 24,2025
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ဘာသာရပ်စွမ်းရည်မြှင့် ဆရာ/ဆရာမများ၏ ဘာသာရပ်အလိုက် သင်ကြား၊သင်ယူမှု အရည်အသွေးများကို မြှင့်တင်ပေးရန် ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံ သင်တန်း၊ ဆွေးနွေးပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီ အချိန်က အထက-၁ ကျောင်း မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် အခြေခံပညာထက်ဆင့်၊ လယ်ဆင့်နှင့် မူဆင့်ဘာသာရပ် စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Mar 24,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်ပညာရေးမှူးရုံးမှ ဦးစီး၍ အခြေခံပညာထက်ဆင့်၊ လယ်ဆင့်နှင့် မူဆင့်ဘာသာရပ် စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချန်က  သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 24,2025
ကြည့်မြင်တိုင်မြို့နယ်၌ မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပေါက်ခေါင်းမြို့နယ်တွင် အခြေခံပညာမူလတန်း/ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်
Mar 24,2025
ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်း/ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ/ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (ပေါက်ခေါင်း) ရွှေရတု ခန်းမ၌ ကျင်းပခဲ့သည်။
ဘိုကလေးမြို့နယ်တွင် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်နိုင်ရေးအသိပညာပေးဟောပြော
Mar 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဟိုင်းစီကျေးရွာအုပ်စု၊ ဟိုင်းစီကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယနေ့နံနက် (၉)နာရီခွဲ အချိန်၌ အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်နိုင်ရေး အသိပညာပေး ဟောပြောခဲ့ကြသည်။
ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ လူငယ်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Mar 24,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်လာစေရန်အတွက် လူငယ်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။