သတင်းများ

ပြင်ဦးလွင်မြို့တွင် အသိပညာပေးဟောပြော‌ပွဲကျင်းပ 
Jul 01,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ပြင်ဦးလွင်ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်‌ရှောက်မှုကြီးကြပ်‌ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပသော အသိပညာ‌ပေးဟောပြော‌ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာ၀တီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာ၀န်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၃၂၀) ဦး တက်ရောက်ကြသည်။ 
လဲချားမြို့နယ်တွင် အရန်သားဖွား (အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ
Jul 01,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က အရန်သားဖွား(အခြေခံ) သင်တန်းဆင်းပွဲကို ပြည်သူ့ဆေးရုံရှိ သင်တန်းခန်းမတွင် ကျင်းပခဲ့ပါသည်။
စဉ့်ကိုင်မြို့နယ်၌ မြန်မာအမျိုးသမီးများ‌နေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ
Jul 01,2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍  သစ်ပင်များစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရန်၊ ဒေသတွင်းအပူချိန်လျော့ကျလာစေရန်၊ ဂေဟစနစ်တည်ငြိမ်လာစေရန်၊ ပြည်သူများသစ်ပင်စိုက်ပျိုးလိုစိတ်များဖြစ်ပေါ်လာစေပြီး သစ်တောသစ်ပင် များအား ချစ်ခင်တန်ဖိုးထားတက်လာစေရန်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန်ရည်ရွယ်၍  အ.လ.က (ထန်းသုံးပင်)‌၌  မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက ကျင်းပခဲ့သည်။
ပင်လုံမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jul 01,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၂)၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့နေ့လယ် ၁ နာရီတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပေးခဲ့ပါသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် ယာဥ်အန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
Jul 01,2025
ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေး​ခြင်းများပြုလုပ်၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေကာ အရှိန်အဟုန်မြှင့်တင်နေ့စဥ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉း၀၀)နာရီကအလယ်ရွာ မီးပွိုင့်အနီးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ  ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆောင်ရွက်
Jul 01,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူလယ်သမားများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
Jul 01,2025
ပဲခူးဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေစေရေးနှင့်အထွက်နှုန်းကောင်းမွန်စေရေးတို့အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
သစ်တံခါးဆရာတော်အား  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်ဖူးမြော်
Jul 01,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇွန်လ(၃၀)ရက်နေ့နံနက်ပိုင်းက မဟာမုနိဘုရားကြီးသို့ရောက်ရှိပြီး သစ်တံခါးဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမဏိဇောတ (ယော) ဆရာတော်အား ကြိုဆိုဖူးမြော်ခဲ့သည်။