တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းသန်းသည် ကော့သောင်းခရိုင်တွင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြား
Jul 01,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့သို့ ရောက်ရှိနေသော တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းနှင့် တိုင်းဒေသကြီးဥပဒေအရာရှိ ဦးညွန့်လွင်တို့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ စုပေါင်းရုံးလမ်းရှိ ကော့သောင်းခရိုင်နှင့်မြို့နယ်ဥပဒေရုံး ယာယီဖွင့်လှစ်ထားရှိသည့် အဆောက် အဦသို့ရောက်ရှိပြီး ခရိုင်ဥပဒေရုံးနှင့်မြို့နယ်ဥပဒေရုံးတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများအားတွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ စနစ်များဖြစ်သည့် ပထမရသူအနိုင်ရရှိသည့် စနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) စနစ် များကို ရှင်းလင်းပြောကြားခဲ့သည်။