ပုလောမြို့နယ်၌ ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

ပုလော ဇူလိုင် ၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မြေသြဇာဖြန့်ဖြူးရေးကော်မတီမှ ဦးဆောင်၍ မိုးစပါးစိုက်ပျိုးသူ တောင်သူများအား ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပုလောမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပုလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးတန်းစာရေး စောပြည့်ဖြိုးဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးအေးဝင်းက ယူရီယားဓာတ်မြေ ဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ပုလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှအကြီးတန်းစာရေးနှင့်တာဝန်ရှိသူများက ယူရီယားဓာတ်မြေဩဇာ (၁၀၀) အိတ်အား ပုလောမြို့နယ်ရှိ  မိုးစပါး စိုက်ပျိုးသူ တောင်သူများထံ ဖြန့်ဝေးပေးခဲ့ပြီး တက်ရောက်လာသည့်တောင်သူ ဦးရှိဟုန်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

အေးအေးမော် (ပုလော)