ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူလယ်သမားများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ပေါက်ခေါင်း ဇူလိုင် ၁

ပဲခူးဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေစေရေးနှင့်အထွက်နှုန်းကောင်းမွန်စေရေးတို့အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ချေးရာတွင် ယခင်နှစ်ကချေးငွေများ အကြေပေးဆပ်သည့်တောင်သူများကို ဦးစားပေးထုတ်ချေးပေးလျက်ရှိပြီး၊ လယ်တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း  အတိုးနှုန်း(၅)ရာခိုင်နှုန်းဖြင့ထုတ်ချေးပေးခဲ့ရာ ကျွဲကလေးစမ်းကျေးရွာအုပ်စုမှ တောင်သူလယ်သမား(၅၃)ဦးတို့၏ မိုးစပါးစိုက်ဧက(၁၂၆)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၁၈၉)သိန်းအား ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ချေးငွေများကိုအကြေပေးဆပ်ခဲ့သည့် တောင်သူလယ်သမားများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ချေးငွေထုတ်ချေးပေးရန် ကျန်ရှိသူများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)