လဲချား ဇူလိုင် ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က အရန်သားဖွား(အခြေခံ) သင်တန်းဆင်းပွဲကို ပြည်သူ့ဆေးရုံရှိ သင်တန်းခန်းမတွင် ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က အမှာစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇင်မောင်နွယ်က ကျေးဇူးတင်စကားပြောကြားကာ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ kit ပုံစံများပေးအပ်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းကို တာဝန်ရှိသူများမှ အသီးသီးပေးအပ်ခဲ့ကြသည်။ အဆိုပါသင်တန်းအား သင်တန်းသူ(၁၈)ဦးဖြင့် တစ်နှစ်တာကကာလ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)