ချမ်းအေးသာစံ ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇွန်လ(၃၀)ရက်နေ့နံနက်ပိုင်းက မဟာမုနိဘုရားကြီးသို့ရောက်ရှိပြီး သစ်တံခါးဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမဏိဇောတ (ယော) ဆရာတော်အား ကြိုဆိုဖူးမြော်ခဲ့သည်။
ဆက်လက်၍ ဆရာတော်သည် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပြီးနောက် မန္တလေးငလျင်ကြီးကြောင့် မဟာမုနိရုပ်ရှင် တော်မြတ် ကိန်းဝပ်စံပါယ်ရာဂန္ဓကုဋိကျောင်းတော်ကြီးနှင့် သာသနိက အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှုနှင့် ရှေးမူအတိုင်း ပိုမိုခိုင်ခံ့အောင်ပြန်လည်ပြုပြင် တည်ဆောက်နေမှုအခြေအနေများ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်