သတင်းများ

ရွှေဘိုမြို့တွင် တန်ဖိုးမြှင့်စား​သောက်ကုန် (သီးနှံအ​ခြေခံယို၊​ ဖျော်ရည်အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ
Mar 25,2025
စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယမန်​နေ့နံနက်ပိုင်းကပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်‌ဆွေးနွေးပွဲဖွင့်လှစ်
Mar 25,2025
မွန်ပြည်နယ် ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံ ပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက (အ.ထ.က) ပေါင်နှင့် (အ.ထ.က) ကျွဲခြံကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
နွေရာသီအားကစားသင်တန်း တက်ရောက်နေသူများအား မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များက အာဟာရမုန့်များ ဝေငှ
Mar 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အားကစားနှင့်ကာယပညာဦးစီးဌာန၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီအားကစားသင်တန်းတက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အာဟာရမုန့်များ‌ ဝေငှပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသ
Mar 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အရှေ့ကွင်းပြင်တွင် ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်ကြသည်။
ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Mar 25,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး မတ်လ (၂၃) ရက်နေ့က ကလိန်ကျေးရွာအုပ်စု ကလိန်ကျေးရွာ၊ ထိန်နှစ်ပင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ၊ ထိန်ကုန်းကျေးရွာအုပ်စု ထိန်ကုန်ကျေးရွာနှင့် လှည်းဆိပ်ကျေးရွာအုပ်စု လှည်းဆိပ်ကျေးရွာတို့တွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 25,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅)ကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဖြူးမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ
Mar 25,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်များတွင် အားကစားကို လေ့ကျင့်စေခြင်းဖြင့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး၊ ကိုယ်ကာယကြံ့ခိုင်ပြီး စိတ်ဓါတ်နှင့် အကျင့်စာရိတ္တမြှင့်မားရေးအတွက် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်ပေးခဲ့ရာ သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ​မြို့နယ်အားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။