မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ  ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆောင်ရွက်

မိုးနဲ ဇူလိုင် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် စီမံကိန်းလျာထားချက်များပြည့်မီရေး၊ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်‌ရေး စီမံဆောင်ရွက်ထားရှိရေး၊ ရုံး/ဌာန ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး အပတ်စဉ်သန့်ရှင်းရေး ဆောင်ရွက်နိုင်ရေး၊ ဝန်ထမ်းနှင့် မိသားစုဝင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြည့်အဝထိုးနှံရေး၊ မြို့နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် မိုးသီးနှံစပါးနှင့် အခြားသီးနှံများ လျာထားချက်ပြည်မီအောင် စိုက်ပျိုးနိုင်ရေး၊ မိုးတွင်းကာလ ခြင်အန္တရာယ်ကင်းရှင်းရေး၊ ငှက်ဖျား‌ရောဂါ ကြိုတင်ကာကွယ်‌ရေးနှင့် လစဉ်ပုံမှန်ကာကွယ်‌ဆေးများ ထိုးနှံ‌ပေးနေမှုအခြေအနေများ၊ ဌာနဆိုင်ရာဝန်ထမ်းများအ‌နေဖြင့် မော်တော်ယာဉ်/ဆိုင်ကယ်များ‌ မောင်းနှင်ရာတွင် သတ်မှတ်စည်းကမ်းများအား လိုက်နာကြရန်၊ လူဦးရေကိန်းကဏန်းများ မှန်ကန်မှုရှိစေရေး ကွင်းဆင်း‌ဆောင်ရွက်လျက်ရှိပါ‌ကြောင်း၊ နေရပ်စွန့်ခွာပြည်သူများ လူဦးရေစာရင်းမှန်ကန်ရေးနှင့် ဌာနများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်ရှိပါက ဆွေးနွေးပေးကြရန်စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများအလိုက် ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းလိုအပ်ချက်များကို တင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)