လှိုင်သာယာ.(အနောက်) ဇူလိုင် ၁
ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းများပြုလုပ်၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေကာ အရှိန်အဟုန်မြှင့်တင်နေ့စဥ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉း၀၀)နာရီကအလယ်ရွာ မီးပွိုင့်အနီးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပြုလုပ်ဆောင်ရွက်ခြင်းကို တပ်ဖွဲ့ ၆၈ မှ ရဲအုပ်စိုးပိုင်ထွန်းနှင့် စစ်ကြောင်း(၂)မှ ဒုတပ်ကြပ်မင်းသော်နှင့်တပ်ဖွဲ့ဝင်များသည် ယာဥ်အန္တရာယ်မဖြစ်ပွားစေရန်နှင့်ယာဥ်အန္တရာယ်လျော့ကျနိုင်စေရန် မော်တော်ယာဥ်များကိုစစ်ဆေးခြင်းများပြုလုပ်ကာ ယာဥ်စည်းကမ်း/လမ်းစည်းကမ်းများ ဆောင်ရန်/ရှောင်ရန် အသိ ပညာပေးခြင်းများကို အရှိန်အဟုန်မြှင့်ကာ နေ့စဥ်ပြုလုပ်ဆောင်ရွက်ကြပြီး ကုန်တင်ယဥ်များကို ခေါင်မိုးဖွင့်မောင်းနှင်စေရန်နှင့် ယာဥ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)