သတင်းများ

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jul 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်စာစီစာကုံး၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jul 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဖျာပုံမြို့နယ်စာရေးဆရာ အသင်းနှင့်ရန်ကုန်မြို့မှစာရေးဆရာများပူးပေါင်း၍ စာဖတ်ဝိုင်းကို ဇွန်လ (၃၀)ရက်နေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါခန်းမ၌ပြုလုပ်ကြသည်။
စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်ပုံးများပေးအပ်ခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ လွိုင်ကော်မြို့၌ ကျင်းပ
Jul 01,2025
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်ပုံးများပေးအပ်ခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းအား ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေး၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ဈေးသူဈေးသားများ နှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
မြောင်မြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မှ တကောကျေးရွာတွင် ဆင်းသုခ မျိုး စိုက်ပျိုးနေမှု အားကြည့်ရှုအားပေး
Jul 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကောကျေးရွာတွင် ဆင်းသုခမျိုးအား ကောက်စိုက်သမများဖြင့် စိုက်ပျိုးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များအား Booster Pfizer Covid-19 ရောဂါကာကွယ်ဆေးထိုးနှံပေး
Jul 01,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များအား Booster Pfizer Covid-19 ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က လှိုင်းဘွဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကော့မှူးတွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး ကျင်းပ
Jul 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်က ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးအား ကျင်းပခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာ၌ တိုက်ရိုက်မျိုးစေ့ချကိရိယာ Seeder ဖြင့် မိုးစပါး လက်တွေ့စိုက်ပျိုး
Jul 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးလက်‌တွေ့စိုက်ပျိုးပြသခြင်းကို ယမန်နေ့နံနက်က မကျီးကန်ကျေးရွာရှိ တောင်သူ ဦးချစ်ဦးပိုင် လယ်မြေ(၅)ဧက၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
မြန်မာအမျိုးသမီးများနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပျိုးပွဲ‌ တော်နှင့် သဘာဝပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာ‌ ပေးဟောပြောပွဲကျင်းပ
Jul 01,2025
၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မြို့ နယ်သစ်တောဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၈ နာရီက ရွှေပြည်သာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် သစ်ပင်စိုက်ပျိုးပွဲ‌ တော်အခမ်း အနားကျင်းပခဲ့သည်။