မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မဟာသင်္ကြန်အကြတ်နေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန် အေးချမ်းစွာကျင်းပမှုအား ကြည့်ရှုအားပေး
Apr 16,2025
မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကိုထိန်းသိမ်းရန်၊ နှစ်ဟောင်းမှအညစ်အကြေးများကို အတာရေဖြင့်ဆေးကြောရန်နှင့် ကုသိုလ်ကောင်းမှုများကိုပြုလုပ်ရန် ရည်ရွယ်ချက်များဖြင့် မကွေးမြို့တွင် မဟာသင်္ကြန်အကြိုနေ့မှစတင်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်နှင့် စတုဒိသာမုန့်များကျွေးမွေးခြင်းများကို ကျင်းပခဲ့ပြီး၊ ဧပြီလ ၁၅ ရက် မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းက မကွေးမြို့ကမ်းနားလမ်း၌ မြန်မာ့မှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်၊ အေးချမ်းသာယာသည့် အေးသင်္ကြန်အဖြစ် ကျင်းပနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အကြီးအကဲများက ကြည့်ရှုအားပေးခဲ့သည်။