ကလိန်အောင် ဇွန် ၂၇
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ရာဖူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဇွန် ၂၆ ရက် မွန်းလွဲ ၁ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် ရာဖူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အထက်တန်းပြဆရာမ ဒေါ်သန်းသန်းချိုက နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံ အသုံးပြု ဆောင်ရွက်နေကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို အနာဂတ် လူသားအရင်းအမြစ်များဖြစ်သော ကျောင်းသားလူငယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် သက်ဆိုင်ရာဌာနများက အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ဟောပြောသည်။
အဆိုပါ ဟောပြောပွဲသို့ ရာဖူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)