သတင်းများ

သာပေါင်းမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကျနေ့ စတုဒိသာ အလှူပြု
Apr 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့ စတုဒိသာကျွေးအလှူဒါနပြုခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်၌ ပြုလုပ်ကြသည်။
ကျောက်တန်းမြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ရေကစားခြင်း စတုဒီသာကျွေးမွေးခြင်းများ ကျင်းပပြုလုပ်
Apr 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မြန်မာတို့၏ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာများအရ ကောင်းမှုကုသိုလ်အမျိုးမျိုးကုသိုလ်ပြုကြရာ မဟာသင်္ကြန်အကြတ်နေ့ကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီအစဥ်အလာမပျက်ရေကစားခြင်းနှင့် စတုဒိသာ​ကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက ရွှေမှော်၀န်းသာသနာဗိမ္မာန်တော်ကြီး၌ ကျွေးမွေးနေကြကြောင်း သိရသည်။
တွံတေးမြို့နယ်၌ ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီတည်ထားပူဇော်ပွဲ ကျင်းပမည်   
Apr 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၏ ကျက်သရေဆောင်ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့ဘက်ရင်ပြင်တော်၌ (၄၆၀)ကြိမ်မြောက် ရှမ်းရိုးရာဓလေ့နှစ်ဦးသဲပုံစေတီတည်ထားပူဇော်ပွဲကို ဧပြီ ၁၇ ရက်( မြန်မာ့နှစ်ဆန်းတစ်ရက်နေ့) နံနက်၄နာရီမှ စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သုံးခွမြို့နယ်၌ အန္တရာယ်ကင်း ရတနာသုတ် ပရိတ်တရားတော်များ ဆက်လက်ရွတ်ဖတ်ပူဇော်
Apr 15,2025
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသဘာဘေးအန္တရာယ်များကင်းရှင်းစေရန်ရည်ရွယ်၍ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ဆရာတော်၊ သံဃာတော်များဖြင့် ရတနာသုတ်ရွတ်ဖတ်ပူဇော်ခြင်း၊ ရပ်ကွက်များ၊ ဌာနဆိုင်ရုံးများ၊ ရပ်ကွက်၊ ကျေးရွာများ၌ဝတ်ရွတ်အဖွဲ့များ၊ ၀န်ထမ်းများ၊ ပြည်သူများဖြင့် ရတနာသုတ်ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းကို ဧပြီ ၈ ရက်နေ့ညမှစ၍ နေ့စဉ်ည(၇) နာရီအချိန်တွင် (၉)ခေါက် (၉)ရက်တိုင်တိုင်  ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
တပ်ကုန်းမြို့တွင် ၁၃၈၆ ခုနှစ်သင်္ကြန်ပွဲတော်အ​​ကြပ်နေ့၌ ရိုးရာယဥ်ကျေးမှုအစဥ်အလာမပျက် ရေကစားလျက်ရှိ
Apr 15,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သင်္ကြန်ပွဲတော်အကြပ်နေ့ ယနေ့၌ ရိုးရာယဥ်ကျေးမှုအစဥ်အလာမပျက် ရေပက်ကစားကြလျက်ရှိကြသည်။
ကျိုင်းတုံမြို့၌ မဟာသင်္ကြန်ပွဲတော်(အကြတ်နေ့) မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းစွာ ကျင်းပ
Apr 15,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မဟာသင်္ကြန်ပွဲတော်(အကြတ်နေ့) ယနေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ရေကစားကြသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းသူများက  အေးချမ်းစွာဆင်နွဲကြသည်။
ဘုတ်ပြင်းမြို့၌   မဟာပဋ္ဌာန်းအသံမစဲရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲအခမ်းအနားကျင်းပ
Apr 15,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကပ်ကြီးသုံးပါးဘေးအန္တရာယ်မှကင်းဝေးစေရန်ရည်ရွယ်၍ မဟာပဋ္ဌာန်းအသံမစဲရွတ်ဖတ် ပူဇော်ပွဲပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို  ယမန်နေ့ညနေ (၃)နာရီအချိန်က ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ မြို့ကျက်သရေဆောင် အောင်တော်မူစေတီတော်ရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့တွင် မဟာသင်္ကြန်အကြတ်နေ့အား မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ကျင်းပလျက်ရှိ
Apr 15,2025
မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကိုထိန်းသိမ်းရန်၊ နှစ်ဟောင်းမှအညစ်အကြေးများကို အတာရေဖြင့်ဆေးကြောရန်နှင့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ရန် ရည်ရွယ်ချက်များဖြင့် ဆင်ပေါင်ဝဲမြို့တွင် မဟာသင်္ကြန်အကျနေ့မှစတင်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်နှင့် စတုဒိသာမုန့်များကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ ဧပြီလ ၁၅ ရက် မဟာသင်္ကြန်အကြတ်နေ့နံနက်ပိုင်းက ဆင်ပေါင်ဝဲမြို့ သီရိမင်္ဂလာလမ်း၌ မြန်မာ့မှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်၊ အေးချမ်းသာယာသည့် အေးသင်္ကြန်အဖြစ် ကျင်းပလျက်ရှိသည်။