မြိတ် ဇွန် ၂၇
မြိတ်တက္ကသိုလ်တွင် (၂၀၂၄-၂၀၂၅)ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများပြပွဲ၊ ပြိုင်ပွဲနှင့် မြိတ်တက္ကသိုလ် အလှဘုရင်၊ အလှဘုရင် မရွေးချယ်ပွဲကို ဇွန်(၂၆)ရက်က တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ပြပွဲ၊ ပြိုင်ပွဲကို မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်း များကို သိရှိနားလည် တန်ဖိုးထားတတ်ကြစေရန်နှင့် အချင်းချင်း ချစ်ခင်ရင်းနှီးမှုများရှိကြစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပ ခြင်းဖြစ်သည်။
ပြပွဲ၊ ပြိုင်ပွဲများကို တက္ကသိုလ်အနုပညာအသင်းမှ “ဖိတ်လျက်ကြိုနေ မြိတ်တက္ကသိုလ်မြေ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြပြီး မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်က အမှာစကားပြောကြားသည်။ ထို့နောက် မြိတ်တက္ကသိုလ်၏ မှတ်တမ်း ဗီဒီယိုပြသပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများက ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းအပါအဝင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ တနင်္သာရီနှင့် ဆလုံ လူမျိုးများ၏ ဓလေ့ထုံးတမ်းများနှင့် ရိုးရာယဉ်ကျေးမှုများ ဖော်ထုတ်နိုင်မှု၊ ဝတ်စားဆင်ယင် ဖန်တီးမှု သရုပ်ဖော်စွမ်းရည်များဖြင့် ဘာသာရပ်(၁၅) ဌာနမှ ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုလက်ဆောင်နှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံး တမ်းပြိုင်ပွဲတွင် နှစ်သိမ့်ဆုများနှင့် တတိယ၊ ဒုတိယနှင့် ပထမဆုရရှိကြသူများအား တက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် မြိတ်တက္ကသိုလ်၏ ဘာသာရပ်ပေါင်းစုံမှ အလှဘုရင်နှင့်အလှဘုရင်မ ရွေးချယ်ခဲ့ကြပြီး ပါမောက္ခချုပ် ကဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)