သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအတွက် စားသောက်ကုန် လာရောက်လှူဒါန်းမှုကို လက်ခံရယူ၊ ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် တတိယအကြိမ် အလှူငွေလှူဒါန်း၊ ငအိုးကျေးရွာအတွင်းရှိ ဝက်နှင့် ကြက်မွေးမြူရေးခြံအား သွားရောက်ကြည့်ရှုစစ်ဆေး
Apr 16,2025
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးအပြည်ပြည်ဆိုင်ရာကုန်သည်များအသင်းနှင့် လုပ်ငန်းရှင်များက ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံ တရုတ်ယွမ် (၄၅၁၄၇၁) တန်ဖိုးရှိ စားသောက်ကုန်များ မော်‌တော်ယာဉ် (၄) စီးဖြင့် ဧပြီ ၁၅ ရက် မွန်းလွဲပိုင်းက လာရောက်လှူဒါန်းခဲ့ကြသည်။
တွံတေးမြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီရေကစားခြင်း စတုဒိသာကျွေးမွေးခြင်းများ ကျင်းပပြုလုပ်
Apr 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြန်မာတို့၏ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာများအရ ကောင်းမှုကုသိုလ်အမျိုးမျိုးကုသိုလ်ပြုကြရာ မဟာသင်္ကြန်အကြတ်နေ့ကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အစဥ်အလာမပျက်ရေကစားခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စတုဒိသာသင်္ကြန်မဏ္ဍပ်၌ ဆောင်ရွက်ကြကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ သင်္ကြန်ပွဲဆင်နွှဲ
Apr 15,2025
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ယခုနှစ်မဟာအတာသင်္ကြန်ပွဲတော် အကြတ်နေ့၌ ပြည်သူများ‌ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ‌ကျောင်းကန်ဘုရားများ၌ ဥပုသ်သီလဆောက်တည်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။
မဟာသင်္ကြန်ကာလ ချောင်းသာကမ်းခြေတွင် ပြည်သူများ လာရောက်အပန်းဖြေ
Apr 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ၌ မဟာသင်္ကြန်ကာလတွင် ပြည်သူများ လာရောက်အပန်းဖြေလျက်ရှိရာ မဟာသင်္ကြန်အကျနေ့နံနက်ပိုင်းက အပန်းဖြေလာရောက်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ကျုံပျော်တွင် သင်္ကြန်အကြတ်နေ့ မြန်မာ့ရိုးရာအစဉ်အလာမပျက်ရေကစားခြင်းနှင့်  စတုဒီသာကျွေးမွေးခြင်း ဆောင်ရွက်
Apr 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၌ ယနေ့သင်္ကြန်အကြတ်နေ့တွင်  မြန်မာ့ရိုးရာအစဉ်အလာမပျက်ရေကစားခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းများကို  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ယနေ့နံနက် ၇ နာရီက  စတင်ပြုလုပ်ခဲ့သည်။
ကျောင်းကုန်းမြို့၌ သင်္ကြန်အကြတ်နေ့ စတု‌ဒိသာမဏ္ဍပ်များ၌ ကျွေးမွေးလှူဒါန်း
Apr 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ ယနေ့သင်္ကြန်အကြတ်နေ့နံနက်ပိုင်းက စတုဒိသာမဏ္ဍပ်များဖြင့် ကျွေးမွေးလှူဒါန်းလျက်ရှိသည်။
မိုင်းယောင်းမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်နှင့်အညီ အေးချမ်းသာယာသည့် အေးသင်္ကြန် ကျင်းပ
Apr 15,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်နှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်၊ အေးချမ်းသာယာသည့် အေးသင်္ကြန်ကို အေးချမ်းတည်ငြိမ်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ငပုတောမြို့၌ ၁၃၈၆ မဟာသင်္ကြန် အကြတ်နေ့တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာဆင်နွှဲ
Apr 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ၁၃၈၆ မဟာသင်္ကြန်အကြတ်နေ့တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ရိုးရာယဥ်‌ကျေးမှုနှင့် အေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိကြောင်း သိရသည်။